August 10, 2007

တွေးစရာလေးများ ၂

“ကမ္ဘာကြီးဘာကြောင့် တိမ်းစောင်းနေလဲ”
တစ်ခါက ပညာရေးဝန်ကြီး တစ်ဦးဟာ ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့တယ်။ အတန်းတစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံး တလုံး တင်ထားတာတွေ့လို့ ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး.... “ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ” လို့ မေးလိုက်တယ်။ အမေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲ “ကျွန်တော် လုပ်တာမဟုတ်ဘူး...” လို့ ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက နောက်ဝင်လာတဲ့ ကျောင်းသားတစ်ဦးကို ထပ်မေးလိုက်ပြန်တယ်။ ကျောင်းသားက လက်ကာပြပြီး “ကျွန်တော် အခုမှ ၀င်လာတာ... ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။ ပညာရေးဝန်ကြီးက ဆရာဖက်လှည့်ပြီး “ဒါ...ဘယ်လိုဖြစ်ရတာလဲ” လို့ (ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲ ဆိုတဲ့ ပုံစံနဲ့) မေးလိုက်တယ်။ ဆရာက တောင်းပန်တဲ့ လေသံနဲ့ “သူတို့ကို အပြစ်တင်လို့ မရဘူး... ဒီကမ္ဘာလုံးက ၀ယ်လာကတည်းက ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးမှည့်လို ပေါက်ကွဲတော့မယ့် မျက်နှာနဲ့ ကျောင်းအုပ်ကြီးဖက် လှည့်ကြည့်လိုက်တယ် ဆိုရင်ပဲ ကျောင်းအုပ်ကြီးက “ပြောရမှာ အားတော့နာတယ်... ကျောင်းက ရန်ပုံငွေ အခက်အခဲ ဖြစ်နေလို့ ဒီကမ္ဘာလုံးကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလို တိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေလိုက်တော့တယ်။

“အသည်းတော့အသည်းပဲ”
တစ်နေ့ ကျောင်းတစ်ကျောင်းမှာ ဆရာမက သူ့တပည့်တွေကို ပုံဆွဲနည်း သင်ပေးနေတုန်း “ကဲ.. အခု အသည်းပုံဆွဲနည်း သင်ပေးမယ်နော်။ သေချာလိုက်ဆွဲကြနော်” ကလေးတွေအားလုံး ဆွဲပြီးတဲ့ အချိန်ကျတော့ ရှေ့ဆုံးကျောင်းသား ဆွဲတဲ့ပုံကို ယူကြည့်လိုက်တယ်။ “ဟင်... သားသား... သားအသည်းပုံက ဘာလို့ ခြေထောက် ထည့်ထားရတာလဲ၊ ဆရာမဆွဲတဲ့ထဲမှာ မပါဘူးလေသားရဲ့“ ဒါနဲ့ ကလေးက “မဟုတ်ဘူး ဆရာမ သားသား အဖေပြောတာ ကြားဖူးတယ် အသည်းမှာ ခြေထောက်ပါတယ် ဆရာမရဲ့” အဲဒီတော့ ဆရာမက “သားဖေဖေက ဘယ်လိုပြောတာတုန်း” ကျောင်းသားကလေးက ဆက်ပြောတယ်။ “ ဟိုတစ်နေ့ညက သားအိပ်ယာနိုးတော့ ဖေဖေကပြောနေတာ “အသည်းခြေထောက်တော့ နင်းမိတော့မှာပဲ အသည်းခြေထောက် ဟိုဘက် နည်းနည်းတိုးတဲ့” အဲဒီတော့မှ ဆရာမလည်း အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း သိရတော့တယ်။





No comments: