April 5, 2008

1 comments

Buddish Image

February 24, 2008

မျှော်လင့်ခြင်း

0 comments

ပြတင်းပေါက်ရပ် လရောင်မှတ်ရှု
သူ့ရိပ်သွင်ပြင် တွေ့မြင်ရနိုး
တိတ်တခိုးနှင့် မျှော်လင့်ရင်မှာ
နွမ်းမောသည် ပြတင်းပေါက်ရပ်
လရောင်မှတ်ရှု သူ့ ရိပ်သွင်ပြင်
တွေ့ မြင်ရနိုး တိတ်တခိုးနှင့်
မျှော်လင့်ရင်မှာ နွမ်းမောသည်...

September 16, 2007

နှုတ်ဆက်လိုက်ပါတယ်ညီမလေးရယ်...

0 comments

ကိုအောင်ချမ်းလင်းနဲ့ ညီမလေးတွေ ဖြစ်ကြတဲ့ ညီမလေး ပိုးပိုး၊ အေးဆင့်၊ သန္တအောင်၊ သန္တာဝင်းရွှေ
ညီမလေး အေးဆင့် အကိုဒီကနေပဲ စိတ်မကောင်းစွာနဲ့ နှုတ်ဆက်လိုက်ပါတယ်နော်...

ကျွန်တော့်ဘ၀မှာ မှတ်မှတ်ရရ ညီမလေးတွေ ရှိခဲ့ပါတယ်။ အဲဒီထဲကမှ သူတို့ (၅)ယောက်ကတော့ အမြဲတွဲသွား၊ တွဲလာနဲ့ နေခဲ့ဖူးပါတယ်။ သူတို့နဲ့အတူ ဘုရားဇရပ်ပေါ်မှာလည်း အတူတူ အိပ်ခဲ့ဖူးတယ်၊ ဘူတာရုံမှာလည်း အိပ်ခဲ့ဖူးတယ်၊ ဆေးရုံမှာလည်း မိုးလင်းထိုင်ခဲ့ကြဖူးပါတယ်။ လူဆိုတာ တခါတလေ စိတ်အခန့်မသင့်ရင် စိတ်ဝမ်းကွဲမှုဆိုတာ ပေါ်ပေါက်တတ်ကြတယ်လေ။ ကျွန်တော်တို့တွေလည်း လူသားတွေပဲ ဘယ်လွန်ဆန်နိုင် ကြမလဲ။ တကယ်တမ်း ကျွန်တော်နေထိုင်ချင်တာက မောင်နှမတွေအားလုံး စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်နဲ့ နေချင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့တွေ အဲလို တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲပြီး မခေါ်မပြောဆိုတော့ ကျွန်တော် မနေတတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်သူတို့ဆီကို တမင် မသွားပဲနေခဲ့ပါတယ်။ အဆက်အသွယ် တော့ ရှိပါသေးတယ်။ ၁၅ရက်နေ့ ည ၁၀း၃၀ရထားနဲ့ ညီမလေး အေးဆင့် ရန်ကုန်သွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျွန်တော်လိုက်မပို့ခဲ့ပါဘူး။ ပို့တော့ ပို့ချင်တာပေါ့၊ ဒါပေမဲ့ ဘာလို့မပို့လဲဆိုတော့ သူတို့တွေအားလုံး လိုက်မပို့ဘူးထင်လို့ပါ။ ဒါပေမဲ့ ထင်ထားတာ မှားသွား တယ်ဗျာ။ ညီမလေးတွေ အကုန်လုံး ချစ်ချစ်ခင်ခင်နဲ့ လိုက်ပို့ကြတာကို တွေ့လိုက် ရတယ်။ စိတ်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်။ ကျွန်တော်ဖြစ်စေချင်တာ ဒီပုံစံမျိုးကိုး။ ညီမလေး နော်နှင်းမိုးက မြန်အောင် ပြန်သွားတယ် ဆိုတာလည်း အခုမှပဲသိရလို့ စိတ်မကောင်းဘူး။ ညီမလေး အေးဆင့် ကိုလည်း လိုက်မပို့နိုင်၊ မနှုတ်ဆက်လိုက်နိုင်တာကိုလည်း အရမ်းပဲဝမ်းနည်းမိပါတယ်။ ဒါပေမဲ့အခု မောင်နှမတွေ အားလုံး ချစ်ချစ်ခင်ခင်နဲ့ အရင်လိုပြန်နေလို့ရပြီ ဆိုတော့လည်း ပျော်စရာကောင်းပါတယ်လေ။ ညီမလေး အေးဆင့် ရန်ကုန်မှာ အစစအရာရာ အဆင်ပြေချောမွေ့ အောင်မြင်ပါစေလို့ ဆုတောင်းရင်း ဒီကနေ နှုတ်ဆက် လိုက်ပါတယ်ကွာ...