August 13, 2007

ဖြစ်ရမယ်

တနေ့ထောင်ထဲကို ထောင်ကျ အကျဉ်းသားသစ် တစ်ယောက် ရောက်လာတယ်။ အကျဉ်းသားဟောင်းတွေက ၀ိုင်းမေးကြတာပေါ့။ “မင်းဘာအမှုနဲ့ ကျလာတာလဲ” အကျဉ်းသားဟောင်း တစ်ယောက်က မေးလိုက်တယ်။ အကျဉ်းသားသစ်က ပြန်ဖြေတယ် “ငါးခိုးဖမ်းမှုနဲ့ပါ” သြော် “ဘယ်နှနှစ်ကျတာလဲ” အကျဉ်းသားသစ်- “အနှစ် ၃၀” ဟမ် ဟုတ်ပမလားကွ မင်းကဘယ်လို ဖမ်းလို့လဲကွ အကျဉ်းသားသစ်- “ရေထဲမှာ ငါးတွေ့တာနဲ့ ဒိုင်းနမိုက်ကို ချခွဲလိုက်တယ်။ ငါး (၃)(၄)ကောင်နဲ့အတူ ရေငုပ်ဝတ်စုံနဲ့ လူ(၃)ယောက်ပါ ထပ်ပေါ်လာတယ်လေ”

No comments: