August 8, 2007

ကျန်တော် အခုတလော စိတ်ဓါတ် အရမ်းကျနေတယ်ဗျာ။ ကိုယ့်ကိုယ်ကို မနည်းအားတင်း ထားရတယ်။ လူက ပေါက်ကွဲ ထွက်ချင်နေတယ်။ စိတ်တွေမနည်း ထိန်းချုပ်ထားရတယ်။ ပို့စ်အသစ် မတင်ဖြစ်တာ ခွင့်လွှတ် ကြပါခင်ဗျာ။ စိတ်တည်ငြိမ်အောင် ကြိုးစားနေလို့ပါဗျာ။ ဟုတ်တယ် ကျုပ်အကိုအောင်ချမ်းတို့ ၊ အွန်လိုင်းက အားပေးကြတဲ့ အကိုတွေ၊ အမတွေသာ မရှိခဲ့ဘူးဆိုရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်လောက်ဘူး။ လောလောဆယ် အားလုံးကို တွန်းလှန်ပြီး လဲပြိုကျမသွားအောင်၊ ဆက်လက် ရပ်တည် နေနိုင် အောင် ကိုယ့်ကိုယ်ကို အားတင်း ကြိုးစားနေတယ်...

ဘ၀ဟာ..လှေတစ်စင်း
ဖြစ်ခဲ့မယ်ဆိုရင်
လောကဓံတရားကို
လှော်တက်တွေအဖြစ် ပြောင်းလဲပြီး
ဘ၀ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို
အရောက် လှော်ခတ် သွားလိုက်ချင်တယ်...

No comments: