August 1, 2007

မင်းကွန်းသို့ အပျော်ခရီး


ကျွန်တော်နဲ့ ပိုးပိုး




ခြင်္သေ့ခေါင်းပြတ်ကြီး
မင်းကွန်းခေါင်းလောင်းကြီး
မောင်နှမ(၄)ယောက်
မြသိန်းတန်စေတီတော်
မြသိန်းတန်စေတီပေါ်မှ ရိုက်ထားတာပါ

ရေတက်နေသော မင်းကွန်း

ပုထိုးတော်ကြီး
ကျွန်တော်နဲ့ ကျန်စစ်ဖုန်း
၁.၈.၂၀၀၇ရက်နေ့မှာ ကျွန်တော်ရယ်၊ ကျန်စစ်ဘုန်းရယ်၊ ညီမလေး ပိုးပိုးရယ်၊ သန္တာရယ် အားလုံးပေါင်း(၄) ယောက် မင်းကွန်းသွားမယ်ဆိုပြီး ထွက်ခဲ့ကြပါတယ်။ ချိန်းထားတာက မနက်(၁၀)နာရီဆိုပေမယ့် ညီမလေး (၂)ယောက်က နောက်ကျနေတာကြောင့် နေ့လည် ၁၁း၃၀ လောက်မှ မန္တလေးကထွက်ဖြစ်ခဲ့ကြပါတယ်။ အရေးထဲမှာ စက်လှေက လမ်းတစ်ဝက်ရောက်မှ ညှော်နံ့တွေထွက်၊ မီးခိုးတွေထွက်လာလို့ မီးများ ထလောင်ပြီလားလို့ အလန့်တကြားဖြစ်ရသေးတယ်။ ဘာလို့အဲဒီလို အလန့်တကြား ဖြစ်ရသလဲ ဆိုတော့ ကျွန်တော်က ရေလုံးဝမကူးတတ်လို့ပါ။ နောက်မှ အင်ဂျင်ပန်ကာကြိုးက စောင်းပြီးသွားပွတ်တိုက်မိလို့ ဖြစ်တာတဲ့။ အဲဒီတော့မှ လူလည်းသက်ပြင်းချနိုင်တော့တယ်။ ဧရာဝတီမြစ်ရေလျှံတာက မင်းကွန်းတောင်ရောက်တယ်ဗျာ။ မင်းကွန်းမှာလည်း အချို့နေရာတွေမှာ ရေတွေလွှမ်းနေတယ်။ ကျွန်တော်တို့ မင်းကွန်းရောက်တော့ နေ့လည် ၁၂း၃၀ ရှိပါပြီ။ စက်လှေက စုစုပေါင်း(၁)နာရီလောက် စီးလိုက်ရတယ်။ ဒါနဲ့ပန်းချီဆိုင်တွေမှာ ပန်းချီတွေငေးမောရင်း ထမင်းဆိုင်တွေ့လို့ ၄ယောက်သား ထမင်းစားကြပါတယ်။ ထမင်းစားသောက်ပြီးတော့ ပုထိုးတော်ကြီးဘုရားကို ၀င်ကြပါတယ်။ ပြီးတော့ မင်းကွန်းခေါင်းလောင်းကြီးဆီ ဆက်လက် ချီတက်ကြပါတယ်။ အဲဒီနောက် ညီမလေးသန္တာရဲ့ အိမ်ကိုသွားကြပြီး ခဏနားကြပါတယ်။ ခဏတဖြုတ်နားကြပြီး မြသိန်းတန်စေတီပေါ်တက်ကြပါတယ်။ မြသိန်းတန်ဘုရားကို ၀င်ရောက်ဖူးမြော်ပြီး အချိန်မရတော့တာနဲ့ မန္တလေးပြန်ဖို့ မြစ်ဆိပ်ကိုဆင်းခဲ့ကြပါတယ်။ မြစ်ဆိပ်ရောက်တော့ ညနေ(၄) နာရီထိုးနေပါပြီ။ စက်လှေတွေလည်း သိမ်းသွားပါပြီ။ ကံကောင်းချင်တော့ Tours မော်တော်တွေ့တာနဲ့ ညီမလေး သန္တာအကူအညီနဲ့ပြောပြီး တက်လိုက်ခဲ့ကြပါတယ်။ အရမ်းပျော်ဖို့ကောင်းတဲ့ နေ့တနေ့ပေါ့။

No comments: