July 27, 2007

ပုံပြင်လေး ပြောပြဦးမယ်နော်... မကြားဖူးသေးရင် သေချာဖတ်၊ ကြားဖူးပြီးသားသူက နောက်တခေါက် ပြန်ဖတ်ပေါ့...
“ဆီနဲ့ စမ်းသပ်ခြင်း”

တစ်ခါက အကျဉ်းသားမှာ အပြစ်ရှိ၊ မရှိ စမ်းသပ်လိုတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ သူဟာ ဆီအပြည့်နဲ့ အိုးကို ခေါင်းပေါ်ရွက်ပြီး သယ်ဖို့ အကျဉ်းသားအား ပေးပါတယ်။ တကယ်လို့ အကျဥ်းသားအနေနဲ့ လူသူလေးပါး ယောက်ယက်ခတ်နေတဲ့ လမ်းထဲကနေ ဆီ တစက်လေးမျှ မဖိတ်အောင် သယ်နိုင်မယ်ဆိုရင် အပြစ်မရှိဘူး။ (အဲဒီအတွက်) သူ့ ကို လွှတ်ပေးမယ်။ ဒီလိုမှမဟုတ်ရင် ခေါင်းဖြတ်သတ်ခံရမယ်လို့ အမိန့် ချမှတ်တော်မူတယ်။
နောက်နေ့ မှာ ဘုရင်ကြီးက လမ်းထဲမှာ ပွဲလမ်းသဘင် ခမ်းခမ်းနားနားကျင်းပဖို့ အမိန့်တော်ချမှတ်လိုက်တယ်။ အလှမယ်လေးတွေက ကပြလို့ ၊ အရသာရှိတဲ့ အစားအစာတွေကလည်း မွှေးကြိုင်လို့ ၊ လမ်းဘေး ၀ဲယာမှာလည်း ဆူဆူညံညံ ပြပွဲတွေနဲ့ အကျဉ်းသားကို စွဲဆောင်ဖို့ လေ။
ဒါပေမဲ့ အကျဉ်းသားဟာ လမ်းအတိုင်း လျှောက်သွားတဲ့အခါ သူ့ ခေါင်းကို တစ်ချက်လေးတောင် ငဲ့မကြည့်ဘူးတဲ့။ ဘယ်အမြင်၊ အနံ့ ၊ အကြားအာရုံတွေကမှ သူ့ ကိုမဆွဲဆောင်နိုင်ပါဘူး။ နောက်ဆုံး လမ်းအဆုံးကို ရောက်တဲ့အခါမှာ ဘုရင်ကြီးအနေနဲ့ ဆီတွေဟာ အိုးထဲမှာပဲ (မဖိတ်မစင်) ရှိနေတာကို တွေ့ ရသတဲ့။
ဘုရင်ကြီးက သူ့ ကိုပြောလိုက်တယ်။ “အခု မောင်မင်း အပြစ်ဒဏ်ကနေ လွှတ်ပြီ၊ မောင်မင်းမသွားခင် လမ်းတလျှောက် လျှောက်သွားနေတုန်းမှာ ဘာအကြောင်းကို တွေးနေသလဲဆိုတာကို လျှောက်တင်စမ်းပါဦး” လို့ ဆိုသတဲ့။
ထိုအခါ အကျဉ်းသားက “အရှင်မင်းမြတ်၊ ကျွန်တော်မျိုး လမ်းအတိုင်း ဖြတ်လျှောက်သွားနေစဉ် ခေါင်းပေါ်မှာရှိတဲ့ ဆီအိုးနဲ့ ပတ်သတ်ပြီးပဲ စဉ်းစားနိုင်ပါတယ် ဘုရား။ အကြောင်းမှာ အကယ်လို့ ဆီတစက်လေးလောက် ဖိတ်စင်ကျသွားရင် ကျွန်တော်မျိုး ခေါင်းဖြတ်သတ်ခံရမှာမို့ ပါ အရှင်ဘုရား” (လို့ အကျဉ်းသားက လျှောက်ထားလိုက်တယ်)
ထို့ အတူပါပဲ ကျွန်တော်တို့ ဟာလည်း အဲဒီအကျဉ်းသားနဲ့ မခြားပါဘူး။ “မည်သို့ ပဲ ကိုယ့်ဘ၀မှာ ဖြားယောင်း သွေးဆောင်မှု၊ ဖျက်ဆီးမှုတွေ၊ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်ကြရပါစေ။ ဘယ်လိုအခက်အခဲကိုမှ ဂရုမစိုက်ပဲ ကိုယ့်စိတ်ကိုယ်နိုင်အောင်ထိန်းပြီး ကျော်ဖြတ်နိုင်ကြမယ်ဆိုရင် တနေ့ မှာ ကိုယ့်ရဲ့ ယုံကြည်ချက်ပန်းတိုင်ကို မလွှဲမသွေ ရောက်ရှိမှာ အမှန်ပဲဖြစ်ပါတယ်”်ခင်ဗျာ...

No comments: