June 30, 2007

မမ ဖြူနှင်းသော်


ကြယ်လေးတစ်ပွင့်
ကြွေသွားခဲ့တာ
ကြာပါပြီ
ဒါပေမယ့် နာကျင်စွာ သတိရ
ထာဝစဉ်သာ ရင်ထဲအမှတ်ရနေတာ
မမပါပဲ

မမမောင်လေးတို့ မိသားစုကိုခွဲခွာသွားတာ (၂)နှစ်တင်းတင်း ပြည့်တော့မယ်နော်။ မောင်လေးတော့(၁)ရက်မှ မေ့မရပါဘူး။ ပျောက်သောသူရှာရင်တွေ့ ၊ သေသောသူကြာရင်မေ့ဆိုတာ မမနဲ့ မဆိုင်သလိုပဲ၊ မောင်လေး ဘယ်တော့မှမမေ့ပါဘူး အခုဆိုမမက အေးချမ်းတဲ့နေရာမှာ ငြိမ်းချမ်းစွာနဲ့ ထာဝရအိပ်စက်နေတာနော်၊ မောင်လေးလည်း တနေ့တော့မမနောက် လိုက်လာခဲ့မှာပါ။ အခုတော့ ငိုချင်နေတယ်ဗျာ။ မမမောင်လေးတို့ ၃တန်းတုန်းကလေ မမက၄တန်းပေါ့၊ မမကိုရည်စားစကားလိုက်ပြောလို့ မောင်လေးက ကျောင်းအုပ်ဆရာမကြီးနဲ့ သွားတိုင်တာလေ၊ ဟိုကောင်တွေ ကျောင်းအုပ်ကြီးရုံးခန်းရောက်ပြီး ကျောင်းဆင်းတော့ မောင်လေးတို့နဲ့ ရန်ဖြစ်ကြတာလေ၊ မှတ်မိသေးတယ် မောင်လေးတို့ မောင်နှမနှစ်ယောက်နဲ့ အဲဒီနှစ်ကောင်နဲ့ ချကြတာလေ။ မောင်လေးက ခဲတံနဲ့ထိုးလိုက်တာ ကျောင်းအုပ်ကြီးရုံးခန်းကို နောက်တစ်ခေါက်ရောက်ရော။ အဲဒီကောင်တွေလည်း တော်တော်မှတ်သွားမှာ။ မမ(၁၀)တန်း ရောက်တော့လည်း ကျူရှင်ကပြန်လာရင် ပါလာသမျှရည်းစားစာတွေစုပြီး မောင်နှမ(၂)ယောက်ထိုင်ဖတ်ပြီး ရီခဲ့ကြတာ အရမ်းသတိရတာပဲ၊ မောင်လေးလိုက်လာခဲ့မယ်နော် တစ်နေ့နေ့ပေါ့၊ အဲဒီတစ်နေ့နေ့ဟာ...