May 19, 2007

My Brother&Sister and My Best Friends

ကျွန်တော့်ညီမလေး ပြည်ဖြိုးသော်ပါ။ ညီမအရင်းပါ တော်တော်တော့ဆိုးတယ်၊ တကယ်အနော်က အခံရဆုံး၊ လက်သံက ပြောင်သေးတယ်။ ကျွန်တော့်အောက်ကပေါ့ စွာစိမလေး...

မမ မွန်သော်
ဘယ်လိုပြောရမလဲ ဆုံးသွားတဲ့ကျွန်တော့မမအစားပြန်ရသလိုပါပဲ အရမ်းပျော်တတ်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ် အခု ကျွန်တော့်ရဲ့အစ်မပါပဲ
အကို တေဇာ
ဒါလည်းပဲ myanmarfriends ကရတဲ့အကိုတစ်ယောက်ပါ ကျွန်တော့်ကိုတော့တော်တော်ချစ်တယ် (မှတ်ချက်။ ညီအကိုလိုပြောတာပါ :P)
ညီမလေး BrainChild
သူလည်းပဲ Myanmarfriends ကရတဲ့ ညီမလေးပဲ အရမ်းချစ်ဖို့ကောင်းတဲ့ညီမချောလေးတစ်ယောက်ပ
မမ မိုးရေအေး
သူကတော့ Myanmarfriends ကခင်တဲ့မမပါ အရမ်းချစ်ဖို့ကောင်းတာမယုံရင်သွားကြည့်

ကျွန်တော်တို့ ညီအကိုနှစ်ယောက်
တိရစ္ဆာန်ဥယျာဉ်ထဲကကြိုးတံတားပေါ်မှာပါ ညီမလေးပိုးပိုးရိုက်ပေးတာလေ အမှတ်တရပေါ့်

ကျွန်တော်တို့မောင်နှမသုံးယောက်
ကျွန်တော်တို့ မောင်နှမ(၃)ယောက် မန္တလေးတိရစ္ဆာန် ဥယျာဉ်သွားတုန်းကပေါ့၊ ယာဘက်အစွန်က ညီမလေးပိုးပိုးပေါ့ (မှတ်ချက်။လှပဂေးလေး)
“ကျွန်တော်နှင့် ကျွန်တော့်ညီအကိုမောင်နှမ သူငယ်ချင်းများ”
ကျွန်တော်လူမှန်းသိတတ်စ အရွယ်ကစပြီး အခုဒီအရွယ်အထိပေါ့၊ လူအမျိုးမျိုးစရိုက် အထွေထွေနဲ့ သူငယ်ချင်းပေါင်း မြောက်မြားစွာနဲ့ တွေ့ဆုံပေါင်းသင်း ဆက်ဆံခဲ့ဖူးပါတယ်။ အဲဒီထဲမှာမှ စရိုက်ချင်းမတူ၊ စိတ်ချင်းမတူလို့ ခွဲခွာခဲ့ရတဲ့ သူငယ်ချင်းတွေလည်းရှိတယ်၊ စိတ်ထားချင်းတူ၊ စရိုက်ချင်းတူပြီးမှအကြောင်း အမျိုးမျိုးကြောင့် ခွဲခွာခဲ့ရတဲ့သူတွေ လည်းရှိတာပဲ၊ အခုအချိန်ထိဆက်လက် ပေါင်းသင်းဆက်ဆံ နေတဲ့သူတွေလည်း ရှိကြပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ဘ၀မှာ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းဆိုတာ မရှိခဲ့ရင် အဲဒီလူရဲ့ဘ၀ဟာ ရှင်လျက်နဲ့သေနေသလိုပါပဲ၊ ခြောက်ခြောက်သွေ့သွေ့နဲ့ လူဘ၀ကို အထီးကျန်စွာ ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒီတော့ဘယ်သူတွေ ဘယ်လိုထင်ထင် ကျွန်တော် လွင်ကိုလတ်ကတော့ လူတစ်ယောက်ရဲ့ဘ၀မှာ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းဆိုတာ မရှိမဖြစ် လိုအပ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်ဘ၀တစ်လျှောက်မှာ အခုအချိန်ထိပေါင်းခဲ့တဲ့ သူငယ်ချင်းတွေထဲမှာ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုတာ လက်ချိုးရေလို့ရပါတယ်။ ပထမဦးဆုံးကျွန်တော့်ရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတစ်ဦး အကြောင်းကိုပြောပြပါမယ်။ သူ့နာမည်ကတော့ သီဟအောင် (ခ) အောင်အောင်တဲ့၊ ကျွန်တော့်အပေါ်တကယ်ကောင်း၊ တကယ်ချစ်တဲ့သူငယ်ချင်းပါ။ အမြဲတမ်းအနွံနာ၊ အနစ်နာလည်းခံတယ်၊ သူ့ကိုအချစ်ဆုံးကတော့ ကျွန်တော်နဲ့စိတ်ဓါတ်ချင်း တထပ်တည်းကျတယ်၊ Game ကစားတာဝါသနာ ပါတာချင်းလည်းတူတယ်၊ သူနဲ့ကျွန်တော်ဆို ခဏခဏဆော်ခံရတယ်၊ ဟီး ဒါလည်းမမှတ်ပါဘူး၊ ဆော်တုန်းခဏပါပဲ နောက်တော့လည်း ခွေးမြီးကောက်ကျည်တောက်စွပ်ပါပဲ၊ ကျွန်တော့်အိမ်ကကျွန်တော့်ကို လက်မြှောက်အရှုံးပေးပေမယ့် သူ့အိမ်ကမပေးပါဘူး။ ဒီလိုနဲ့သူနဲ့ ကျွန်တော် (၆)တန်းကျောင်းသားဘ၀မှာ ခေတ္တကွဲသွားတယ်ပေါ့ဗျာ။ အဲ အဲဒီမှာပိုဆိုးတာပဲဗျို့။ သူငယ်ချင်း နောက်တစ်ယောက်နဲ့ ထပ်တွေ့တယ် သူ့နာမည်က သီဟနိုင်တဲ့၊ သူကလည်း ကျွန်တော်နဲ့စိတ်တူကိုယ်တူ ၀ါသနာတူပဲဗျ၊ Games နဲ့ပတ်သတ်လို့ကတော့ ဟိုလက်ကိုင် Games လေးကနေ Computer Games ထိမလွတ်ပါဘူး၊ သူနဲ့ပေါင်းမှ ကျွန်တော်မန္တလေးသားစစ်စစ်ဖြစ်တော့တယ်၊ ဟုတ်တယ်လေအစက Games ဆိုင်ထဲကအပြင်ကို ထွက်တာမဟုတ်ဘူး၊ သူနဲ့ပေါင်းမှပဲစက်ဘီးလည်း စီးတတ်တော့တယ်၊ မန္တလေးမြို့ အနှံ့လည်းရောက်တော့တယ်၊ ရောက်ပုံကလည်းတခြားကြောင့်မဟုတ်ဘူး၊ သူ့အိမ်က Games ကစားတာမကြိုက်ဘူးလေ၊ သူ Games ဆိုင်သွားရင်နောက်ကနေ မရရအောင်လိုက်ခေါ်တယ်၊ Games ဆိုင်တစ်ဆိုင်ကိုသိသွားရင် ကျွန်တော်တို့ကလည်း နောက်တစ်ဆိုင်ကို ပြောင်းကစားတယ်၊ ဟဲဟဲ ဒီလိုနဲ့ မန္တလေးတစ်မြို့လုံးအနှံ့ ရောက်ဖူးသွားတယ်ဆိုပါစို့၊ စဉ်းစားသာကြည့်ကြပေတော့ ကျွန်တော်တို့ Games ကစားတာကို ဘယ်လောက် ၀ါသနာပါလည်းဆိုတာ၊ သူလည်း(၉)တန်းနှစ်ရောက်ရော ကျွန်တော်နဲ့ခေတ္တအဆက်အသွယ် ပျက်သွားပြန်ပါတယ်။ အဲကျွန်တော်(၁၀)တန်းကျပြီး နောက်တစ်နှစ် မှာတော့ ထက်လင်းစိုး၊ စိုင်းထွန်းအောင်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ စတွေ့ပါတယ်၊ သူကလည်းဝါသနာတူပဲဗျ၊ (၁၀)တန်းကျပြီးတော့ လိုင်းနဲနဲပိုစုံလာတယ်၊ ဟဲဟဲ Games တင်မဟုတ်တော့ဘူး၊ ဆေးလိပ်က သောက်တတ်လာတယ်၊ အမေ ပြောတဲ့ ခွေးမသောက်တဲ့ အရည်တွေ သောက်တတ်လာတယ်၊ ဒါပေမယ့် လုံးဝလက်မထောင်နိုင်တာတော့ မိန်းမကိစ္စကင်းတာပါပဲ၊ ကျွန်တော်ပထမနှစ်လည်းတက်ရော ဒီကောင်တွေနဲ့ ပြန်ပေါင်းမိရော၊ ဟီးဟီးရတနာပုံတက္ကသိုလ်မှာ ထန်းတောကကိုထွက်တော့ဘူး။ ကျွန်တော်တို့(၅)ယောက်ပေါင်း ကျွမ်းပြန်နေတာပဲ။ ကျွန်တော်ဒုတိယနှစ်မှာ အလုပ်လုပ်ခဲ့တယ်။ သူတို့(၄)ယောက်နဲ့ ဟိုးအရင်လောက်မပေါင်းဖြစ်တော့ဘူး၊ အလုပ်ကတစ်ဖက်နဲ့ဆိုတော့လေ၊ အားတဲ့အချိန်လေး လက်ဖက်ရည်ဆိုင် သွားထိုင်တာလောက်ပဲ လုပ်နိုင်တော့တယ်။ ကျွန်တော်တို့ရုံးက ကွန်ပျူတာဌာနမှာပေါ့ဗျာ၊ ကျွန်တော်အရမ်းလေးစားရတဲ့၊ ချစ်ရတဲ့အကိုဆိုလည်းဟုတ်တယ်၊ ဆရာဆိုလည်းဟုတ်တယ်၊ သူငယ်ချင်းဆိုလည်းဟုတ်တဲ့ အကိုအောင်ချမ်းလင်းနဲ့စတွေ့ပါတယ်။ သူ့ကျေးဇူးတွေကြောင့် ကွန်ပျူတာဆိုတာ Games နှိပ်ရုံသပ်သပ်မဟုတ်ပဲ စွယ်စုံရပါလားဆိုတာ သိခဲ့ရတယ်၊ အဲသူသင်ပေးလို့ ကျွန်တော်ကွန်ပျူတာ သုံးစွဲတတ်ခဲ့တယ်။ တစ်သက်နဲ့တကိုယ် အိပ်မက်မမက်ဘူးတဲ့ အင်တာနက် ကိုလည်းသုံးတတ်ခဲ့တယ်။ အကိုကျေးဇူးကြောင့်ပဲ ကျွန်တော်ဆေးလိပ်လဲ ပြတ်သွားတယ်။ သူကရှားမှရှားတဲ့ လူတော်တစ်ယောက်ပါပဲ။ သူဟာကျွန်တော့်အဖေနဲ့အမေက မွေးတာမဟုတ်ပေမဲ့ ကျွန်တော့်ရဲ့ အကိုကြီးပါပဲ။ Onlineလဲစသုံးတတ်ရော နောက်ထပ်သူငယ်ချင်းတွေအများကြီးထပ်ရလာပါတယ်။ Online ကနေ နောက်ထပ်အကိုတွေ၊ အမတွေ၊ ညီမလေးတွေ နဲ့ သူငယ်ချင်းတွေအများကြီးရခဲ့ပါတယ်။ ကျွန်တော်လို လူတစ်ယောက်ရဲ့ဘ၀မှာ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းဆိုတာ မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားတဲ့လူအတွက်တော့ အတိုင်းမသိဝမ်းသာပြီး၊ ပြောမပြတတ်လောက်အောင်ကို ခံစားရပါတယ်။ ဒီလို အခြေအနေဖြစ်အောင် သင်ကြားပြသပေးတဲ့ အကိုကြီးအောင်ချမ်းလင်းကို ညီကရင်ထဲမှာ သေတဲ့အထိသတိရနေမှာပါ။ Online ကအကိုကြီးတွေဖြစ်တဲ့ အကို တေဇာ၊ အကို ဝေမင်းထွဋ်၊ အကို Sleppy၊ အကို သွင်မောင်၊ အကို သဲဝေ၊ အကို ရဲလေး၊ အမကြီးတွေဖြစ်တဲ့ မမ မိုးမေ၊ မမ မွန်လေး၊ မမ ဟေမန်၊ မမ တာတာ၊ မ ဖြူ။ မမ ဆုမြတ်၊ မမ 78 pooh၊ မမ လဲ့လဲ့ဝင်း၊ ညီမလေးတွေဖြစ်တဲ့ ညီမလေး CG၊ ညီမလေး BC၊ ညီမလေး ပိုးပိုး၊ ညီမ Zan၊ ညီမလေး အေးကြည်သာ၊ ညီမလေး စန်းစန်းမြင့်၊ ညီမလေး ကေသီ၊ အေးအတူပူအမျှ သူငယ်ချင်းကောင်းတွေဖြစ်တဲ့ မ PhyuPhyuNaing၊ မ Nibblawyi၊ မ Cutiewin၊ မ Snowwyne၊ မ မေဦးမိုး တို့အားလုံးနဲ့ မေ့သွားလို့မပါလိုက်တဲ့ သူငယ်ချင်းအားလုံးကိုပါ ကျွန်တော်လွင်ကိုလတ်က အမြဲနွေးထွေးစွာကြိုဆိုကြောင်းနှင့် ဝေဖန်အကြံပြုနိုင်ကြောင်း ကြေငြာမောင်းခတ်လိုက်ပါတယ်...